Skip to main content
 
Support our workStand with every
community in Burma
Donate →
Statement 5 May 2021

မြန်မာ့လူ့အခွင့်အရေးကွန်ယက်မှ သဘောထားထုတ်ပြန်ချက်

2,620 views
Share FacebookXWhatsApp
Download this statement
မြန်မာ့လူ့အခွင့်အရေးကွန်ယက်မှ သဘောထားထုတ်ပြန်ချက်PDF · 123 KB

Free to save, print and share.

စာအမှတ် (၂၃/၂၀၂၁)


1. National Unity Government ခေါ် အမျိုးသားညီညွတ်ရေး အစိုးရသည် မြန်မာနိုင်ငံတွင် တခါမျှမရှိခဲ့ဘူးသော အလွန်အရေးတကြီး လိုအပ်နေသည့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့မှုနှင့် သင့်လျော်သောပုဂ္ဂိုလ်များကို ခန့်အပ်တာဝန်ပေးမှု များအတွက် Burma Human Rights Network (BHRN) မြန်မာ့လူ့အခွင့်အရေးကွန်ယက် မှ လှိုက်လှဲစွာထောက်ခံကြိုဆိုအပ်ပါသည်။

2. မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ့တပ်မတော်မှ ဦးဆောင်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်လာခဲ့သည့်အတွက် ပြည်သူအများစုမှာ မိမိတို့၏ အခြေခံရပိုင်ခွင့်များကိုပင် စေ့စေ့ငှငှ သိရှိမနေဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အသားကျနေထိုင်နေကြရသည်ကို လေ့လာတွေ့ရှိရသည်။

3. လူ့အခွင့်အရေးကို လေးစားလိုက်နာ၍ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ မျှဝေမှုများကို မိမိသက်တမ်းတလျှောက် လုပ်ကိုင်နေသော ဆရာဦးအောင်မျိုးမင်းအား လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် NUG အစိုးရ၏ ခန့်အပ်မှုအတွက် အထူးဝမ်းမြောက်ကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်နေသည့် တည်ဆဲဥပဒေများကို မီးမောင်းထိုးပြမှူများ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မျှဝေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်လာမည်ဟု ယုံကြည်ပါသည်။

4. လူနည်းစုလူမျိုးစုများအပေါ် ခွဲခြားဖိနှိပ်မှုများ၊ ခွဲခြားဆက်ဆံသည့် ဥပဒေများ “အထူးသဖြင့် ဒီမိုကရေစီနှင့် သွေဖည်နေသော နိုင်ငံသားအမျိုးအစားအဆင့်အတန်းခွဲခြားထားသည့် ၁၉၈၂ နိုင်ငံသားဥပဒေ” များကို ဖျက်သိမ်း၍ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း၏ စံချိန်စံညွှန်းနှင့်ပြည့်မှီသော နိုင်ငံသားဥပဒေများ ပေါ်ပေါက်လာအောင် ကြိုးပမ်း ဆောက်ရွက်မည်ဟု မျှော်လင့်ပါသည်။

5. NUG အစိုးရ၏ အသစ်ခန့်အပ်တာဝန်ပေးခံရသော လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းအနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးပြည့်ဝစွာ ရရှိလာစေရန် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံလာနိုင်မည်ဟု မျှော်လင့်ပါသည်။

6. BHRN သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပြည့်ဝစွာ ရရှိလာစေရေးနှင့် လူနည်းစုများ လူ့အခွင့်အရေး ဆုံးရှူံးမှူပပျောက်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတရပ်ဖြစ်သည့်အတွက် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ လက်တွဲလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မိကြောင်းနှင့် အားတက်သရော ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ထုတ်ပြန်လိုက်သည်။

Follow BHRN

Get our latest press releases and reports.

More statements

All statements →