BHRN invites you to the Foreign Correspondents’ Club of Thailand (FCCT) in Bangkok for the launch of its new report, “Blocked from Rebuilding: Myanmar Junta Restrictions on Mosque Repair and Reconstruction”.
The report documents 180 earthquake-affected mosques and other Islamic religious buildings across 29 townships, and at least 670 deaths among Muslims when religious buildings collapsed in the 28 March 2025 earthquake.
It examines how discriminatory restrictions obstructed essential repairs before the disaster – and how barriers to demolition, repair and reconstruction continue to affect Muslim communities.
Speakers
- Kyaw WinExecutive Director, Burma Human Rights Network
- May Thiri KhinMA candidate, Mahidol University
- Phil Robertson (moderator)Director, Asia Human Rights and Labour Advocates, and FCCT board member
Join online via Zoom
The Zoom meeting opens at 10:00 AM Bangkok, 9:30 AM Myanmar and 4:00 AM UK (BST). The three links below all lead to the same meeting – choose the one you need:
- Join the meetinghttps://us06web.zoom.us/j/84008098362?pwd=uVjRxSw72MoqwC3njK4dWxMmE9hJ5i.1
- Join and take noteshttps://us06web.zoom.us/j/84008098362?pwd=uVjRxSw72MoqwC3njK4dWxMmE9hJ5i.1&mynotes=on
- Open the meeting chathttps://us06web.zoom.us/launch/jc/84008098362
Meeting ID: 840 0809 8362
Passcode: 754991
Read the report: Blocked from Rebuilding
Official FCCT event details: fccthai.com
Please join us in person or online, and share this invitation with anyone interested in human rights, religious freedom and Myanmar’s earthquake recovery.

မနက်ဖြန် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲနှင့် အစီရင်ခံစာ မိတ်ဆက်ပွဲသို့ ဖိတ်ကြားခြင်း
ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် ကျင်းပမည့် BHRN ၏ အစီရင်ခံစာ မိတ်ဆက်ပွဲသို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။
BHRN ၏ အစီရင်ခံစာအသစ်တွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် ငလျင်ကြောင့် မြို့နယ် ၂၉ ခုရှိ ဗလီများနှင့် အခြားအစ္စလာမ်ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၁၈၀ ထိခိုက်ပျက်စီးခဲ့မှုနှင့် ဘာသာရေးအဆောက်အအုံများ ပြိုကျမှုကြောင့် မွတ်စလင် အနည်းဆုံး ၆၇၀ ဦး သေဆုံးခဲ့မှုတို့ကို မှတ်တမ်းတင်ထားပါသည်။
ဤအစီရင်ခံစာသည် ငလျင်မတိုင်မီ လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများကို တားဆီးခဲ့သည့် ခွဲခြားဆက်ဆံသော ကန့်သတ်မှုများနှင့် ငလျင်အပြီး အန္တရာယ်ရှိသော အဆောက်အအုံများကို ဖြိုဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့တွင် ဆက်လက်ကြုံတွေ့နေရသည့် အတားအဆီးများကို လေ့လာတင်ပြထားပါသည်။
ရက်စွဲ — ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်၊ ဗုဒ္ဓဟူးနေ့
ပွဲစတင်ချိန်
ဘန်ကောက် — နံနက် ၁၀:၃၀
မြန်မာ — နံနက် ၁၀:၀၀
ယူကေ — နံနက် ၄:၃၀ (BST)
ကျင်းပမည့်နေရာ
FCCT Clubhouse
Foreign Correspondents’ Club of Thailand
Penthouse, Maneeya Center
518/5 Ploenchit Road, Pathumwan, Bangkok 10330
ဝင်ကြေးအခမဲ့ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ပါသည်။
ဆွေးနွေးမည့်သူများ
- Kyaw WinBurma Human Rights Network ၏ အမှုဆောင်ဒါရိုက်တာ
- May Thiri KhinMahidol University တွင် မဟာဘွဲ့တက်ရောက်နေသူ
- Phil Robertson (ဆွေးနွေးပွဲ ဦးဆောင်သူ)Asia Human Rights and Labour Advocates ၏ ဒါရိုက်တာနှင့် FCCT ဘုတ်အဖွဲ့ဝင်
Zoom မှတစ်ဆင့် ပါဝင်တက်ရောက်ရန်
Zoom အစည်းအဝေးအတွက် စီစဉ်ထားသည့်အချိန် — ဘန်ကောက် နံနက် ၁၀:၀၀၊ မြန်မာ နံနက် ၉:၃၀၊ ယူကေ နံနက် ၄:၀၀ (BST)။ အောက်ပါလင့်ခ်များသည် အစည်းအဝေးတစ်ခုတည်းအတွက် ဖြစ်ပါသည်။ မိမိအသုံးပြုလိုသည့် လင့်ခ်ကို ရွေးချယ်နိုင်ပါသည်။
- အစည်းအဝေးသို့ ဝင်ရောက်ရန်https://us06web.zoom.us/j/84008098362?pwd=uVjRxSw72MoqwC3njK4dWxMmE9hJ5i.1
- အစည်းအဝေးတက်ရောက်ရင်း မှတ်စုရေးရန်https://us06web.zoom.us/j/84008098362?pwd=uVjRxSw72MoqwC3njK4dWxMmE9hJ5i.1&mynotes=on
- အစည်းအဝေး၏ Chat ကို ဖွင့်ရန်https://us06web.zoom.us/launch/jc/84008098362
Meeting ID: 840 0809 8362
Passcode: 754991
အစီရင်ခံစာ ဖတ်ရှုရန် — ပြန်လည်တည်ဆောက်ခွင့် ပိတ်ပင်ခံရခြင်း
FCCT ၏ တရားဝင်ပွဲအချက်အလက် — fccthai.com
လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ပါဝင်တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ ငလျင်အပြီး ပြန်လည်ထူထောင်ရေးကို စိတ်ဝင်စားသူများ သိရှိနိုင်ရန်လည်း မျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


